Thursday, March 14, 2013

NLD Blogger Template Burmese Version


Name  : NLD Burmese (B-Template)
Version: V-1.0 Bur
Features: Auto Recent Posts Slider, Three   colums, Back to top button, Pop up image gallery, red color, auto read more function, auto pages,
Demo , Download
အပြည့်အစုံဖတ်ရန် →

အဖွဲ့ချုပ်၏ပထမအကြိမ်ပါတီညီလာခံ ကျင်းပ

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်၏ ပထမအကြိမ်ပါတီညီလာခံကို မတ်လ၉ရက်၊နံနက်၉နာရီက ရန်ကုန်မြို့၊တော်ဝင်နှင်းဆီခြံရှိ ညီလာခံခမ်းမတွင် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဌေဒ်ါအောင်ဆန်းစုကြည်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သဘာပတိအဖွဲ့ဝင်များ ဖြစ်ကြေသာဦးဝင်းတင်(ဟံသာဝတီ)၊ ဦးသန်းထွန်း၊ ဦးလှေဖ၊ ပြည်နယ်တိုင်းအသီးသီးမှ ကိုယ်စားလှယ် ၉၀၀ကျော်တို့ တက်ရောက်သည်။ အခမ်းအနားမှူးအဖြစ် ဒေါ်ကြည်ပြာနှင့် ဒေါက်တာလှမြတ်သွေးတို့က ဆောင်ရွက်သည်။ ညီလာခံသို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အေထွေထွအတွင်းရေးမှူးဦးဌေးဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြေသာ ဦးသိန်းဇော်နှင့် ဦးသူရေအာင်ကိုတို့ အပါအ၀င် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊

၈၈မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် (အေ၀းရောက်)မှ လေ့လာသူများ၊ ရန်ကုန်မြို့ရှိနိုင်ငံခြားသံရုံးအသီးသီးမှ သံတန်များလည်း တက်ရောက်ကြသည်။ပြည်တွင်းပြည်ပ သတင်းစာဆရာ၂၀၀ခန့်လည်း တက်ရောက်သည်။
အပြည့်အစုံဖတ်ရန် →
Monday, March 11, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဗဟိုညီလာ ခံကျင်းပေရး စည်းရုံးရေးဆပ်ကော်မတီမှ မုံရွာဦးအောင်ရှင်နှင့် အဖွဲ့သည် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊မြို့မ ဂါတ်ကျောင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆန္ဒပြသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် မုံရွာမြို့နယ်မှူးထံ သွားရောက်၍ အေခြအေနများကို မေးမြန်းစုံစမ်းခဲ့ သည်။ ညေန(၄)နာရီခန့်တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အကြမ်းဖက်ဖြို ခွင်းခြင်း မပြုလုပ်ရန်၊ ထပ်မံဖမ်းဆီးခြင်းမပြုလုပ်ရန်၊ အဖမ်းခံထားရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို ဆွေးနွေးခဲ့သည်။ ၀န်ကြီးချုပ်က အေခြအေနများကို ရှင်းလင်းပြောပြပြီး အေးအေးဆေးဆေးဖြစ် စေရန် ဆောင်ရွက်ပေးမည့် အေကြာင်း ပြန်လည်ပြောကြား ခဲ့သည်။


ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့် အဖွဲ့သည် ကျေးရွာများကို သွားရောက်လှည့်လည် ကြည့်ရှု အားပေး ခဲ့သည်။စက်တင်ဘာ (၁၄)ရက် နံနက်ပိုင်းတွင် ၀န်ကြီးချုပ်နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့သည်။ ညေန(၄)နာရီခွဲ ခန့်တွင် ဖမ်းဆီးခံထားရ သူများ ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မေအးနက်၊ ကိုဝေလုတို့ ပြန်လည်လွတ်မြောက် လာခဲ့ပြီး ၎င်းတို့ကို အဖွဲ့ ချုပ်အဖွဲ့ဝင်များ၊ ၈၈ကျောင်းသားများ ၊ပြည်သူများက အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင် ခဲ့ကြသည် ဟု သိ ရသည်။
အပြည့်အစုံဖတ်ရန် →

ဘဏ္ဍာရေးနှင့်ငွေကြးဆိုင်ရာဟောပြောပို့ချ

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက် မွှန်းလွှဲ(၁) နာရီခွဲ က အမျိုးသားဒီမိုကေရစီ အဖွဲ့ချုပ် ဌာနချုပ်ရှိ သင်တန်းခမ်းမတွင် ဘဏ္ဍာရေးနှင့် ငွေကြးဆိုင်ရာ ဟောပြောပွဲ  ပြုလုပ်ခဲ့သည်။ ဘဏ္ဍာ ရေးနှင့် ငွေကြးဆိုင်ရာ ပညာရှင်ဆရာ ဦးဝင်းရှိန်မောင်က ဟောပြော ပို့ချခြင်း ဖြစ်ပြီး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ဖြစ်သော ဦးစိုးဝင်း ၊ဦးမျိုးမြင့်၊ ဦးထွန်းမြင့်၊ ဒေါက်တာမျိုးအောင်နှင့် ပါ တီဝင် များ တက်ရောက် ခဲ့ကြသည်။

အပြည့်အစုံဖတ်ရန် →
Monday, March 4, 2013

BG အသက်မွေးဝမ်းပညာ သင်ကျောင်းဖွင့်လှစ်

BG အသက်မွေးဝမ်းပညာသင်ကြားရေး၊ ပညာဒါန​ကျောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၁၉ ရပ်ကွက်၊ မြရည်နန္ဒာလမ်း၊ အမှတ်(ခ)တွင် ဇူ​လိုင်​လ​၊​​ ​၁၇​ ​ရက်​နေ့​​​ မနက် ၉းဝဝ နာရီ၌ ဖွင့်လှစ်ခဲ့ပါသည်။ သင်ကြားပေးမည့် ဘာသာရပ်များမှာ မူလတန်းမှ စတုတ္တတန်းအထိ၊ ယဉ်ကျေး လိမ္မာသင်တန်းနှင့် အသက်မွေး ဝမ်းကြောင်းနှင့် ဆိုင်သော ဘာသာရပ်များ (ဆံပင်ညှပ်၊ စက်ချုပ်၊ လက်သမား၊ ပန်းရံ၊ သံဂေဟေဆာ်၊ ကားဆေး၊ ကားဘော်ဒီ၊ အလူမီနီယံ၊ လျှပ်စစ်၊ ဘက်ထရီ ပြုပြင်တပ်ဆင်၊ မှန်စီရွှေချ) ကို​ သင်ကြားပို့ချေပးမည် ​ဖြစ်ပါသည်။
အခမ်းအနားကို ...
အပြည့်အစုံဖတ်ရန် →

လပွတ္တာမြို့နယ်အဖွဲ့ချုပ်မှ အခမဲ့အခြခံပုံဆွဲနှင့်ပန်းချီသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ မြို့နယ် စည်းရုံးရေးအဖွဲ့၏ အစီအစဉ်ဖြင့်၊ ​မြို့နယ်စည်းရုံးရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ပန်းချီဆရာ ဦးစိန်သန်းမှ ဦးဆောင်ပြီး ​မြို့မ (၉) ရပ်ကွက်၊ (၆) လမ်းရှိ ​နေအိမ်တအိမ်တွင် ​အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့ အထိ အေခြခံပုံဆွဲနှင့် ပန်းချီသင်တန်အား အခမဲ့ ဖွင့်လှစ် သင်ကြားခဲ့ပါသည်။
မူလတန်းနှင့် အလယ်တန်း ​ကျောင်းသားများအတွက် ...
အပြည့်အစုံဖတ်ရန် →

ဧရာဝတီတိုင်းအတွင်း စာကြည့်တိုက်များဖွင့်လှစ်

အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်၊ ဧရာဝတီတိုင်း လူငယ် အကူအညီပေးရေးအဖွဲ့မှ ကိုအောင်ကျော်စိုး ဦးဆောင်ပြီး၊ လပွတ္တမြို့နယ် စည်းရုံးရေး​ အဖွဲ့  ​မြို့နယ်စည်းအဖွဲ့ဝင် ကိုစိန်သန်းလေး လိုက်ပါ၍ အောက်တိုဘာလ (၂၀) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ​ဘေးပေါက်အုပ်စု၊ ​မြစ်ကျိုးကြီး ​ကျေးရွာ “ဓမ္မမဉ္ဇူ စာကြည့်တိုက်” အားလည်းကောင်း၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ငပုတောမြို့နယ်၊ ဇီးဖြူဆိပ် ​ကျေးရွာအုပ်စု၊ ဇီးဖြူဆိပ်ကျေးရွာတွင် “ဘဝ အလင်းရောင် စာကြည့်တိုက်”အားလည်းကောင်း...
အပြည့်အစုံဖတ်ရန် →

ညောင်တုန်းမြို့နယ်အဖွဲ့ချုပ်မှ ကထိန်သင်္ကန်းကပ်

ဧရာဝတီတိုင်း၊ ​ညောင်တုန်းမြို့နယ်၊ အမျိုးသား ဒီမိုကေရစီအဖွဲ့ချုပ်၊ ​မြို့နယ် စည်းရုံးရေးအဖွဲ့မှ ဦး​​ဆောင်ပြီး ကျန်ရှိနေသးသော အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ​အောက်တိုဘာလ (၂၆)ရက် နေ့တွင် ကထိန်သကင်္န်းနှင့် ပေဒသာပင်အား ​ညောင်တုန်းမြို့၊ စာတိုက်လမ်းရှိ မဂင်္လာမှန်ကျောင်း ​ကျောင်းတိုက်တွင် သွားရောက် ပို့ဆောင်လှူဒါန်းခဲ့ကြသည်။
အကျဉ်းသားများ လွတ်မြာက်ရေး ကထိန်သကင်္န်းနှင့် ပေဒသာပင် လှူဒါန်းပွဲကို ​ညောင်တုန်းမြို့နယ်၊ ​မြို့နယ် စည်းရုံးရေးအဖွဲ့ ဥက္ကဌ ဦးထွန်းသောင်း၊ ဒု-ဥက္ကဌ ဦးလှေအာင်နှင့် တိုင်းလူငယ် ကိုကျော်ဆန်းတို့ ဦးဆောင်ပြီး ...
အပြည့်အစုံဖတ်ရန် →

ကမ္ဘာ့ ကိုယ်ခံ စွမ်းအားကျ ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား

ကမ္ဘာ့ ကိုယ်ခံစွမ်းအားကျ ​ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်​၊​ ဌာနချုပ်ရုံး ဗဟို အစည်းအေဝး ခန်းမတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ အဖွဲ့ချုပ် ဒုတိယ-ဥက္ကဌ ဦးတင်ဦး၊ အေထွေထွ အတွင်းရေးမှူး ​ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ​ဖြစ်ကြေသာ ဦးဝင်းတင်၊ ဦးအုံးကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်နှင့် HIV ကုသေရး ဌာန တာဝန်ခံ ​ဒေါ်ဖြူဖြူသင်း၊ ဗဟို အမျိုးသမီး လုပ်ငန်း အဖွဲ့ဝင်များ၊ ဗဟိုလူငယ် ​ဖော်ဆောင်ရေး အဖွဲ့ဝင်များ၊ ဂီတ ပညာရှင်များ၊ ​တောင်ဒဂုံ ၁၈ ရပ်ကွက် HIV ကုသေရးဌာနမှ ​ဝေဒနာသည်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်။...


အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်း လူငယ်၊ ကိုအေးနိုင်က ​ဆောင်ရွက်ခဲ့ပြီး အေထွေထွ အတွင်းရေးမှူး​၊​ ​ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက် အမှာစကား ​ပြောကြားသည်။ ထို့နောက် HIV ကုသေရးဌာန တာဝန်ခံ ​ဒေါ်ဖြူဖြူသင်းက ကုသေရး လုပ်ငန်းများ ​ဆောင်ရွက်နေမှု အေခြအေန အရပ်ရပ်ကို ရှင်းလင်း တင်ပြသည်။ ​ဝေဒနာရှင်များ ကိုယ်စား၊ နတ်မောက် ​မြို့နယ်မှ ကိုလှမျိုးတင့်မှ ​ကျေးဇူးတင်စကား ​ပြောကြားခဲ့သည်။

အဖွဲ့ချုပ် HIV ကုသေရးဌာနခွဲမှ စီစဉ်ထုတ်လုပ် ​ဖြန့်ချီသော ​တေးသီချင်းခွေတွင် ပါဝင်ကူညီဆောင်ရွက် ​ပေးခဲ့သော ​တေးဂီတပညာရှင်များ၊ အနုပညာရှင်များအား လူထုခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု လက်မှတ်များ ပေးအပ်သည်။ တီးဝိုင်း အဖွဲ့အတွက် ဂုဏ်ပြုလက်မှတ်အား ကိုကျော်ကျော်က လက်ခံရယူပြီး ဂီတပညာရှင် အမျိုးသားများအတွက် ဂုဏ်ပြုလက်မှတ်ကို ကိုရဲလွင်မှ လက်ခံရယူသည်။ အမျိုးသမီး တေးသံရှင်များ ကိုယ်စား မခက်ခက်နှင့်  မပိုပိုတို့မှ လက်ခံရယူခဲ့​​ကြသည်။


ထို့နောက် ​တေးသီချင်းများဖြင့် ဆက်လက် ​ဖျော်ဖြေကြရာ ​တေးသံရှင် မပိုပို၊ ကိုလင်းလင်း၊ မချစ်သုဝေ၊ ကိုထွဋ်၊ ကိုစံလင်း ၊ မခက်ခက်၊ ကိုတိုးလွင် (ဥတ္တရအလင်း)၊ ကိုရဲလွင်တို့က သီဆိုဖျော်ဖြေကြသည်။

HIV ကုသေရး ဌာနခွဲအတွက် ဦးခင်မောင်ချို (ရွှေငါးမောင်မောင်)၊ ကိုသီဟနှင့် သူငယ်ချင်းများ (ယုဇန ပလာဇာ)၊ ​ဒေါက်တာမင်းမင်း (ထိပ်တန်း ​မြန်မာ မိသားစု) တို့မှ လူထု ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည် လက်သို့ အလှူငွေများကို ​ပေးအပ်ခဲ့ကြသည်။ အခမ်းအနားကို ​နေ့လည် ၁၁ နာရီ ၄၅ တွင် ကျင်းပပြီးစီးသည်။
အပြည့်အစုံဖတ်ရန် →

မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှု တလပြည့်အလှူ

မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှု တလပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဟာဝိဇယာရာမ ​ကျောင်းတိုက်၊  ​ဘောဇန သုခကာရီ ဆွမ်းစားကျောင်းတွင် ​ကျောင်းတိုက် ပဓါန ဆရာတော် ဦးပဦတ္တနှင့် တကွ သံဃာတော် ၁၁ ပါးတို့ကို နိုင်ငံရေး အကျဉ်းသားဟောင်းများမှ နံနက် ၅ နာရီတွင် အာရုဏ်ဆွမ်းနှင့် လှူဖွယ် ဝတ္တုပစ္စည်းများ၊ နဝကာမ အလှူငွေများ ​ပေးအပ်ပူဇော်ကြသည်။...







ဆွမ်းကျွေးအလှူပွဲသို့ မီးလောင်ပေါက်ကွဲမှုတွင် အသက်ဆုံးရှံးခဲ့သူများ၏ မိသားစုဝင်များနှင့် နိုင်ငံရေး အကျဉ်းသားများ၊ အလှူရှင်များ တက်ရောက်ကြသည်။ ထို့နောက် နံနက် ၈ နာရီတွင် ဖိတ်ကြားထားသော ကူးတို့ဆိပ်ရပ်ကွက်မှ မိဘပြည်သူများ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်တို့အား မုန့်ဟင်းခါးဖြင့် ဧည့်ခံသည်။



၈၈ မျိုးဆက် ​ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ ဘေလာ့ဂါ ကိုနေဘုန်းလတ်တို့​ တက်ရောက်ကြသည်။ နံနက် ၉ နာရီတွင် ကိုမင်းကိုနိုင်မှ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကူးတို့ဆိပ် ရပ်ကွက်မှ မိဘပြည်သူတို့အား ဝမ်းနည်းစကား ​ပြောကြားပြီး အသက်ဆုံးရှံးခဲ့သူများ၏ မိသားစုဝင်များအား ​ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

တက်ရောက်လာကြေသာ နိုင်ငံရေး အကျဉ်းသားဟောင်းများမှလည်း ​ဆေးကုသဆဲနှင့် မီးလောင် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ကြေသာ မိဘပြည်သူများအား ​ထောက်ပံ့ငွေများ ​ပေးအပ်သည်။ ထိုမီးလောင်ပေါက်ကွဲမှုတွင် ကူးတို့ဆိပ်ရပ်ကွက်မှ ပြည်သူ ၁၆ ဦး ​သေဆုံးပြီး မီးသတ်တပ်ဖွဲ့ဝင်​ ​​၅​ ဦး ​သေဆုံး၍ ပြင်းထန်စွာ​ ဒဏ်ရာရရှိသူ ၆ ဦး သက်သာပျောက်ကင်းလာသူ ၂၈ ဦး နှင့် ဆေးကုသဆဲ လူနာ ၂၀ ဦး ရှိကြောင်း သိရသည်။
အပြည့်အစုံဖတ်ရန် →

ဥက္ကဌ စီမံချက်ညှိနှိုင်းအစည်းအဝေးတက်ရောက်

တရားဥပေဒစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ခုနှစ်၊ဖေဖ်ာဝါရီလ၊  ၂၂ရက်နေ့က နေပြည်တော်လွှတ်တော် ၀န်းအတွင်းရှိ အစည်း အေ၀း ဆောင်တွင် လွှတ်တော်ဥက္ကဌ နှင့်ရေးရာကော်မတီဥက္ကဌများ လုပ်ငန်း စီမံချက်များ ညှိနိုင်း အစည်းအေ၀းသို့ တက်ရောက်ခဲ့သည်။...

အပြည့်အစုံဖတ်ရန် →

အဖွဲ့ချုပ်ဥက္ကဌအား အိန္ဒိယ အောက်လွှတ်တော်ဥက္ကဌလာရောက်တွေ့ဆုံ

တရားဥပေဒစိုးမိုးရေးနင့်တည်ငြိမ်အေးချမ်းရေးကော်မတီ  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား  INDIAအောက်လွှတ်တော်ံဥက္ကဌ Meira Kumar ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ.သည်၁၃.၂.၁၃ နေ့ နံနက် ၁၂း၀၀ ကလွှတ်တော်ဝန်းအတွင်းရှိ ရုံးအမှတ် ( I. 1 )တွင် ...
လာရောက်တွေ့ဆုံသည်။
အပြည့်အစုံဖတ်ရန် →

အဖွဲ့ချုပ်ဥက္ကဌ ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်တက်ရောက်

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည် နေပြည်တော် သေပြကုန်းဈေးရှိ မောဂ်ခမ်းနွံ စားသောက်ဆိုင်တွင် ကျင်းပသည့် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့တက်ေ၇ာက်ခဲ့သည်။ အဆိုပါမိတ်ဆုံစားပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် ရှမ်းတိုင်းရင်း သားပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကျင်းပသည့် အခမ်းအနားဖြစ်ပြီးပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် ၊ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွေမန်း၊နှင့်ဒုဥက္ကဌ များ ပြည်သူလွတ်တော်ကိုယ်စားလှယ်များ ...
၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု့.အဖွဲများ၊ ရှမ်းတိုင်းရင်းသားများ တက်ရောက်သည်။
အပြည့်အစုံဖတ်ရန် →

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကရင်အမျိုးသားနေ့

အမျိုးသားဒီမိုကေရစီ အဖွဲ့ချုပ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ပြည်နယ်နှင့် တိုင်းဒေသကြီး ကရင်အမျိုးသားယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖ်ါဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဗဟန်းရွှေဂုံတိုင် ရှိ တော်ဝင်းနှင်းဆီ စားသောက်ဆိုင်ဝင်းအတွင်း တွင်ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင်အဖွဲ့ချုပ် သဘာပတိ ဟံသာဝတီ ဦးဝင်းတင်မှ တတ်ရောက် အမှာစကားပြောကြားသည်။ ပြိုင်ပွဲကို...
ဖေဖ်ါဝါရီ ၁၀ ရက် မှ ၁၂ ရက်နေ့ပြည်ထောင်စုနေ့ အထိကျင်းပပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲကို ဒုံးအက အဖွဲ့ ၂၄ ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ကြသည်။
အပြည့်အစုံဖတ်ရန် →

ဥက္ကဌ စီမံချက်ညှိနှိုင်းအစည်းအေ၀းတက်ရောက်

တရားဥပေဒစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ခုနှစ်၊ဖေဖ်ာဝါရီလ၊ ၂၂ရက်နေ့က နေပြည်တော်လွှတ်တော် ၀န်းအတွင်းရှိ အစည်းအဝေး...

 ဆောင်တွင် လွှတ်တော်ဥက္ကဌ နှင့်ရေးရာကော်မတီဥက္ကဌများ လုပ်ငန်း စီမံချက်များ ညှိနိုင်း အစည်းအေ၀းသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံဖတ်ရန် →

popular posts

Powered by Blogger.

စုစည်းမှု

back to top