ဧရာဝတီတိုင်းအတွင်း စာကြည့်တိုက်များဖွင့်လှစ်
ဖွင့်လှစ်ပေးခဲ့သည်။
ဒေသခံလူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားလာရန်၊ အကျင့်စာရိတ္တ ကောင်းမွန်လာရန်၊ စာဖတ်ရှိန်မြင့်ပြီး ဗဟုသုတ တိုးပွား လာစေရန် တို့ကို ရည်ရွယ်၍ အထူးသဖြင့် အဆိုပါကျေးရွာများနှင့် အနီးတဝိုက်ကျေးရွာများသည် နာဂစ်မုန်တိုင်း ဒဏ်သင့် ကျေးလက် ဒေသများဖြစ်၍ ပိုမို အသိပညာ ဗဟုသုတများနှင့် လူမှုရေး အကူအညီများ လိုအပ်နေ၍ စာကြည့်တိုက်များ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရပါသည်။
တိုင်း လူငယ် အကူအညီပေးရေး အဖွဲ့မှ ကိုအောင်ကျော်စိုးမှ မဂ္ဂဇင်းများ၊ ဂျာနယ်များ သုတ ရသစာအုပ်များ စသည့် စာအုပ် အေမြာက်အများကို ပေးအပ်လှူဒါန်းပြီး ၎င်းကျေးရွာ (၂) ရွာအတွက် စာကြည့်တိုက် ကော်မတီများ ဖွဲ့စည်းပေးခဲ့ပြီး၊ စာကြည့်တိုက် ကော်မတီများနှင့် တွေ့ဆုံ၍ လိုအပ်သော အကူအညီများ၊ စာအုပ်စာတမ်းများကို အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်မှ ဆက်လက် ပေးအပ်သွားမည့်အေကြာင်း၊ စာကြည့်တိုက် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အားလုံးက ဝိုင်းဝန်း၍ ထိန်းသိန်းစောင့်ရှောက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။