လပွတ္တာမြို့နယ်အဖွဲ့ချုပ်မှ အခမဲ့အခြခံပုံဆွဲနှင့်ပန်းချီသင်တန်းဖွင့်လှစ်
မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ...
ရည်ရွယ်သင်ကြားပေး ခြင်းဖြစ်ပြီး သင်တန်းသူ သင်တန်းသား (၄၈) ဦး စိတ်ပါဝင်စားစွာ တက်ရောက် သင်ကြားကြသည်။ သင်တန်းပို့ချ ရာတွင် လိုအပ်သည့် ပုံဆွဲ စာအုပ်၊ စုတ်တံ၊ ဆေး၊ မျဉ်းတံ၊ ခဲတံ အစရှိသည့် ပန်းချီပစ္စည်းများကို မြို့ခံမိတ်ဆွေများမှ ဝိုင်းဝန်း လှူဒါန်းပေးကြေကြာင်း သိရသည်။
ယခင်ကလည်း လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်သည် မြို့နယ် စည်းရုံးရေးအဖွဲ့၏ အစီအစဉ်ဖြင့် မတ်လ (၁၄) ရက်နေ့မှ ဧပြီလ (၁၄) ရက်နေ့အထိ မူလတန်းနှင့် အလယ်တန်း ကျောင်းသားများ အတွက် အေခြခံ ပုံဆွဲသင်တန်းအား ပထမအကြိမ် အဖြစ်လည်းကောင်း၊ ဧပြီလ (၂၅) ရက်နေ့မှ မေလ (၈) ရက်နေ့အထိ အလယ်တန်း အဆင့် ပန်းချီသင်တန်းကို အလယ်တန်း ကျောင်းသား ကျောင်းသူ (၉) ဦးအား ဒုတိယအကြိမ် အဖြစ်လည်းကောင်း တွဲဘက်အတွင်းရေးမှူး ပန်းချီဆရာဦးစိန်သန်း ကိုယ်တိုင် ဖွင့်လှစ်သင်ကြားခဲ့ ပါသည်။