ညောင်တုန်းမြို့နယ်အဖွဲ့ချုပ်မှ ကထိန်သင်္ကန်းကပ်
အကျဉ်းသားများ လွတ်မြာက်ရေး ကထိန်သကင်္န်းနှင့် ပေဒသာပင် လှူဒါန်းပွဲကို ညောင်တုန်းမြို့နယ်၊ မြို့နယ် စည်းရုံးရေးအဖွဲ့ ဥက္ကဌ ဦးထွန်းသောင်း၊ ဒု-ဥက္ကဌ ဦးလှေအာင်နှင့် တိုင်းလူငယ် ကိုကျော်ဆန်းတို့ ဦးဆောင်ပြီး ...
ဖောင်ရိုးချောင်းနှင့် တာကွေ့ကျေးရွာများမှ တက်ကြွေသာ လူငယ်များ၊ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ ဝိုင်းဝန်း ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
ပေဒသာပင်သည် ဝတ္ထုငွေ တသိန်း၊ နှစ်သောင်း အပါအဝင် ကထိန်သကင်္န်း၊ ထီး၊ ဖိနပ်၊ ဖူးစောင် စသည့် လှူဖွယ် ပစ္စည်းများပါဝင်၍ ပေဒသာပင် အလယ်တွင် အမျိုးသား ဒီမိုကေရစီအဖွဲ့ချုပ်၊ ညောင်တုန်းမြို့နယ်ဟု ရေးကပ်ထားပြီး အောက်ခြေတွင် အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်၏ သေကင်္တ ကြယ်ဖြုတပွင့် နှင့် ခွပ်ဒေါင်းပုံအား ကပ်ချိတ်ထားပါသည်။ ပေဒသာပင်အား ရှေ့ဆုံးရှိ ဂျစ်ကား တစီးပေါ်တင်ပြီး ထော်လာဂျီ (၈) စီး၊ မော်တော်ဆိုင်ကယ် (၁၅) စီးဖြင့် နံနက်(၇)နာရီခွဲတွင် ဖောင်ရိုးချောင်း၊ တာကွေ့ ကျေးရွာများမှ လူငယ်လူကြီး အမျိုးသမီး (၂၀၀) ကျော် စုစည်းပြီး ညောင်တုန်းမြို့သို့ ချီတက်လာကြသည်။ ထို့နောက် နံနက် (၈)နာရီတွင် ညောင်တုန်းမြို့ ဦးလှေအာင်အိမ်တွင် လူထပ်မံ၍ စုရုံးပြင်ဆင်ကြပြီး အမှတ်(၁)လမ်း၊ လမ်းမေတ်ာလမ်း၊ ဘောဂလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ တိုက်သစ်လမ်း စသည့်လမ်းများအတိုင်း ပေဒသာပင်နှင့် ကထိန်သကင်္န်းအား လှည့်လည် ဆောင်ယူလာပြီး စာတိုက်လမ်းရှိ မဂင်္လာမှန်ကျောင်းသို့ နံနက်(၁၀)နာရီ ခွဲတွင် ရောက်ရှိခဲ့သည်။
ခရီးလမ်းတေလျာက်တွင် ပေဒသာပင် တင်ဆောင်ထားသောကားမှ အသံချက်စက်ဖြင့် “ယခုအလှူမှာ အမျိုးသား ဒီမိုကေရစိ အဖွဲ့ချုပ်က အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ကြောင်း” ကြေညာပေးသဖြင့် ဒေသခံ ရွာသားများနှင့် မြို့ခံ မြို့သူမြို့သားများမှ အချိုရည်များ၊ သောက်ရေများ တိုက်ကျွေးကြကာ အလှူငွေများလည်း ထည့်ဝင် လှူဒါန်းကြပါသည်။ မြို့ပေါ် ရပ်ကွက်အနှံ့ လှည့်လည်ရာတွင် မော်တော်ကားလမ်း တေလျာက်မှ ဒေသခံများနှင့် မြို့ပေါ်ရပ်ကွက်ရှိ မြို့သူ၊ မြို့သားများပါ ပါဝင်လိုက်ပါလာရာ စုစုပေါင်း ပရိတ်သတ် (၉၀၀) ကျော်ခန့်အထိ တိုးများလာပါသည်။
ထို့နောက်၊ နံနက် (၁၀)နာရီ (၁၅) မိနစ် အချိန်တွင် ကျောင်းထိုင် ဆရာတော်ကြီး ဦးတေဇာကိုယ်တိုင် (၉) ပါးသီလေပး၍ “ဤကဲ့သို့ လှူဒါန်းရေသာ အကျိုးကြောင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာစေရန် ဆုတောင်းကြောင်း၊ ကံ၊ ဉာဏ်၊ ဝိရိယ၊ ဗြမ္မစိုရ်တရား လေးပါးအား လက်ကိုင်ထားပါက မည်သည့် လုပ်ငန်းမဆို အောင်မြင်မည်ဖြစ်ကြောင်း“ ဆုမွန်းကောင်း တောင်းကာ ရေစက်ချအမျှေပးဝေပြီး ကထိန်သက္ကန်းနှင့် ပေဒသာပင် လှူဒါန်းပွဲ နံနက် (၁၁)နာရီတွင် ပြီးဆုံးခဲ့ပါသည်။