ကမ္ဘာ့ ကိုယ်ခံ စွမ်းအားကျ ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား
အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်း လူငယ်၊ ကိုအေးနိုင်က ဆောင်ရွက်ခဲ့ပြီး အေထွေထွ အတွင်းရေးမှူး၊ ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ထို့နောက် HIV ကုသေရးဌာန တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ကုသေရး လုပ်ငန်းများ ဆောင်ရွက်နေမှု အေခြအေန အရပ်ရပ်ကို ရှင်းလင်း တင်ပြသည်။ ဝေဒနာရှင်များ ကိုယ်စား၊ နတ်မောက် မြို့နယ်မှ ကိုလှမျိုးတင့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဖွဲ့ချုပ် HIV ကုသေရးဌာနခွဲမှ စီစဉ်ထုတ်လုပ် ဖြန့်ချီသော တေးသီချင်းခွေတွင် ပါဝင်ကူညီဆောင်ရွက် ပေးခဲ့သော တေးဂီတပညာရှင်များ၊ အနုပညာရှင်များအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု လက်မှတ်များ ပေးအပ်သည်။ တီးဝိုင်း အဖွဲ့အတွက် ဂုဏ်ပြုလက်မှတ်အား ကိုကျော်ကျော်က လက်ခံရယူပြီး ဂီတပညာရှင် အမျိုးသားများအတွက် ဂုဏ်ပြုလက်မှတ်ကို ကိုရဲလွင်မှ လက်ခံရယူသည်။ အမျိုးသမီး တေးသံရှင်များ ကိုယ်စား မခက်ခက်နှင့် မပိုပိုတို့မှ လက်ခံရယူခဲ့ကြသည်။
ထို့နောက် တေးသီချင်းများဖြင့် ဆက်လက် ဖျော်ဖြေကြရာ တေးသံရှင် မပိုပို၊ ကိုလင်းလင်း၊ မချစ်သုဝေ၊ ကိုထွဋ်၊ ကိုစံလင်း ၊ မခက်ခက်၊ ကိုတိုးလွင် (ဥတ္တရအလင်း)၊ ကိုရဲလွင်တို့က သီဆိုဖျော်ဖြေကြသည်။
HIV ကုသေရး ဌာနခွဲအတွက် ဦးခင်မောင်ချို (ရွှေငါးမောင်မောင်)၊ ကိုသီဟနှင့် သူငယ်ချင်းများ (ယုဇန ပလာဇာ)၊ ဒေါက်တာမင်းမင်း (ထိပ်တန်း မြန်မာ မိသားစု) တို့မှ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်သို့ အလှူငွေများကို ပေးအပ်ခဲ့ကြသည်။ အခမ်းအနားကို နေ့လည် ၁၁ နာရီ ၄၅ တွင် ကျင်းပပြီးစီးသည်။
0 သတင်းပြန်ကြား:
Post a Comment
Note: Only a member of this blog may post a comment.