မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှု တလပြည့်အလှူ
ဆွမ်းကျွေးအလှူပွဲသို့ မီးလောင်ပေါက်ကွဲမှုတွင် အသက်ဆုံးရှံးခဲ့သူများ၏ မိသားစုဝင်များနှင့် နိုင်ငံရေး အကျဉ်းသားများ၊ အလှူရှင်များ တက်ရောက်ကြသည်။ ထို့နောက် နံနက် ၈ နာရီတွင် ဖိတ်ကြားထားသော ကူးတို့ဆိပ်ရပ်ကွက်မှ မိဘပြည်သူများ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်တို့အား မုန့်ဟင်းခါးဖြင့် ဧည့်ခံသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ ဘေလာ့ဂါ ကိုနေဘုန်းလတ်တို့ တက်ရောက်ကြသည်။ နံနက် ၉ နာရီတွင် ကိုမင်းကိုနိုင်မှ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကူးတို့ဆိပ် ရပ်ကွက်မှ မိဘပြည်သူတို့အား ဝမ်းနည်းစကား ပြောကြားပြီး အသက်ဆုံးရှံးခဲ့သူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
တက်ရောက်လာကြေသာ နိုင်ငံရေး အကျဉ်းသားဟောင်းများမှလည်း ဆေးကုသဆဲနှင့် မီးလောင် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ကြေသာ မိဘပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်သည်။ ထိုမီးလောင်ပေါက်ကွဲမှုတွင် ကူးတို့ဆိပ်ရပ်ကွက်မှ ပြည်သူ ၁၆ ဦး သေဆုံးပြီး မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၍ ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၆ ဦး သက်သာပျောက်ကင်းလာသူ ၂၈ ဦး နှင့် ဆေးကုသဆဲ လူနာ ၂၀ ဦး ရှိကြောင်း သိရသည်။
0 သတင်းပြန်ကြား:
Post a Comment
Note: Only a member of this blog may post a comment.