အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဗဟိုညီလာ ခံကျင်းပေရး စည်းရုံးရေးဆပ်ကော်မတီမှ မုံရွာဦးအောင်ရှင်နှင့် အဖွဲ့သည် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊မြို့မ ဂါတ်ကျောင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆန္ဒပြသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် မုံရွာမြို့နယ်မှူးထံ သွားရောက်၍ အေခြအေနများကို မေးမြန်းစုံစမ်းခဲ့ သည်။ ညေန(၄)နာရီခန့်တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အကြမ်းဖက်ဖြို ခွင်းခြင်း မပြုလုပ်ရန်၊ ထပ်မံဖမ်းဆီးခြင်းမပြုလုပ်ရန်၊ အဖမ်းခံထားရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို ဆွေးနွေးခဲ့သည်။ ၀န်ကြီးချုပ်က အေခြအေနများကို ရှင်းလင်းပြောပြပြီး အေးအေးဆေးဆေးဖြစ် စေရန် ဆောင်ရွက်ပေးမည့် အေကြာင်း ပြန်လည်ပြောကြား ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့် အဖွဲ့သည် ကျေးရွာများကို သွားရောက်လှည့်လည် ကြည့်ရှု အားပေး ခဲ့သည်။စက်တင်ဘာ (၁၄)ရက် နံနက်ပိုင်းတွင် ၀န်ကြီးချုပ်နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့သည်။ ညေန(၄)နာရီခွဲ ခန့်တွင် ဖမ်းဆီးခံထားရ သူများ ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မေအးနက်၊ ကိုဝေလုတို့ ပြန်လည်လွတ်မြောက် လာခဲ့ပြီး ၎င်းတို့ကို အဖွဲ့ ချုပ်အဖွဲ့ဝင်များ၊ ၈၈ကျောင်းသားများ ၊ပြည်သူများက အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင် ခဲ့ကြသည် ဟု သိ ရသည်။
0 သတင်းပြန်ကြား:
Post a Comment
Note: Only a member of this blog may post a comment.