ဖြူးမြို့နယ် ကညင်ဒိုင်းကျေးရွာအုပ်စုနှင့် မိဿလင်ကျေးရွာအုပ်စုရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများအား  ဖြူးမြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သွားရောက် ထောက်ပံ့ကူညီ

ဖြူးမြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်  ၉.၈.၂၀၁၈ရက်နေ့တွင်

အဝေးရောက် စေတနာရှင် ဖြူးသူ/သားများနှင့် ဖြူးမြို့နယ်မှ စေတနာရှင်များ စုပေါင်း လှူဒါန်းမှုဖြင့်  ကညင်ဒိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများသို့ သွားရောက်၍  ရေကြီးနစ်မြုပ်၍ အခက်ခဲဖြစ်နေသော အိမ်ထောင်စုများအား  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသည် ကညင်ဒိုင်းကျေးရွာအုပ်စု ကညင်ဒိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား ဦးစွာ ဖူးမြော်ခဲ့ပြီး
ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးကျော်အေးဝင်းမှ ဒေသခံများအား  အဖွင့်အမှာစကားပြောကြာခဲ့ပါသည်။

ထို့နောက် အထောက်ပံ့ပစ္စည်းများကို  ကညင်ဒိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပေးအပ်ခဲ့ပြီး ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူငယ်လုပ်ငန်းအဖွဲ့ဝင်များ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြူးမြို့နယ် ကညင်ဒိုင်းကျေးရွာအုပ်စုနှင့် မိဿလင်ကျေးရွာအုပ်စု  အလုပ်အမှုဆောင်များ၊ ပါတီဝင်များမှ ပါဝင်ကူညီ ပံ့ပိုးပေးခဲ့ကြပါသည်။

ဖြူးမြို့နယ်အတွင်း လွန်ခဲ့သော ရက်သတ္တပတ်ခန့်တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်တလျှောက်ရှိ ကျေးရွာများနှင့် လယ်ယာမြေများ  ရေနစ်မြုပ်ခဲ့ပြီး ကညင်ဒိုင်းကျေးရွာအုပ်စုရှိ ကညင်​ဒိုင်း​ကျေးရွာ၊ ကိုင်းတဲစု​ကျေးရွာ၊ ဌက်​​ပျော​တော​ကျေးရွာနှင့် မိဿလင်ကျေးရွာအုပ်စုရှိ တဲစုကျေးရွာတို့မှ  အိမ်ထောင်စုပေါင်း ၂၃၇စုအား ဆန် ၃၁အိတ်၊ ဆီသန့် (၁လီတာဗူး) ၂၄၀ဗူး၊ ခေါက်ဆွဲခြောက် ၄၈၀ထုပ်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၃၆၈၀၀၀အား ထောက်ပံ့ကူညီခဲ့ကြပါသည်။

သတင်းနှင့် ပြန်ကြားရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
             ဖြူးမြို့နယ်