BG အသက်မွေးဝမ်းပညာသင်ကြားရေး၊ ပညာဒါန​ကျောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၁၉ ရပ်ကွက်၊ မြရည်နန္ဒာလမ်း၊ အမှတ်(ခ)တွင် ဇူ​လိုင်​လ​၊​​ ​၁၇​ ​ရက်​နေ့​​​ မနက် ၉းဝဝ နာရီ၌ ဖွင့်လှစ်ခဲ့ပါသည်။ သင်ကြားပေးမည့် ဘာသာရပ်များမှာ မူလတန်းမှ စတုတ္တတန်းအထိ၊ ယဉ်ကျေး လိမ္မာသင်တန်းနှင့် အသက်မွေး ဝမ်းကြောင်းနှင့် ဆိုင်သော ဘာသာရပ်များ (ဆံပင်ညှပ်၊ စက်ချုပ်၊ လက်သမား၊ ပန်းရံ၊ သံဂေဟေဆာ်၊ ကားဆေး၊ ကားဘော်ဒီ၊ အလူမီနီယံ၊ လျှပ်စစ်၊ ဘက်ထရီ ပြုပြင်တပ်ဆင်၊ မှန်စီရွှေချ) ကို​ သင်ကြားပို့ချေပးမည် ​ဖြစ်ပါသည်။
အခမ်းအနားကို ...

အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦးမှ ဖွင့်လှစ်ခဲပြီးအမှာစကား ​ပြောကြားခဲ့ပါသည်။ အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ရန်ကုန်တိုင်းမှ ဦးနိုင်းနိုင်း၊ ဦးလှသိန်းတို့နှင့် အနုပညာရှင် များဖြစ်ကြ​သော အဆိုတော် ဆောင်းဦးလှိုင်၊ ကိုရဲလွင်၊ ကိုညီထွေး၊ ကိုညီညီလွင်၊ ကိုဇေယျာသော်၊ HIV လူနာများအား အကူအညီပေးနေသာ မဖြူဖြူသင်းတို့ တက်ရောက်ခဲ့ကြပါသည်။


အနုပညာရှင်များက တေးသီချင်းများဖြင့် ​ဖျော်ေဖြေပးခဲ့ပြီး ၁၁း၃၀ နာရီတွင် အခမ်းအနား ​ပြီးဆုံးခဲ့ပါသည်။